Bmovies

{"bmovies":[
{"title":"The Assassination of Jesse James by the Coward Robert Ford ( 2007 )",
"img":"https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg29udQFPRq2MyT6obergQsZ8JAkpg-gfqyymek-67l5qaUomEVSu4H30XEzXQ4_LVxyHBccGGJ46FxjsdoAX-SAGlya1dEMDP6PSr5Qx33VurmNdhzhsmOe1xfPFsXHODjKaMpDJwDZ2eo/s1600/MV5BMTY2NDI2MTc2NV5BMl5BanBnXkFtZTcwNjA2NTQzMw%2540%2540._V1_SY1000_CR0%252C0%252C676%252C1000_AL_.jpg",
"IMDB":"7.5",
"type":"Biography, Crime, Drama",
"duration":"2 hr 40 min",
"reso":"Bluray-1080p",
"sd":"https://drive.google.com/file/d/1UIrYNsZHkYYhKtWMMIa0fSsf8yov7Ibb/view?usp=drivesdk",
"sdz":"499 MB",
"hd":"https://drive.google.com/file/d/1fsx__98MV9em04pv1XUXEQjiV10wKhFJ/view?usp=drivesdk",
"hdz":"1.4 GB",
"fhd":"https://megaup.net/2d92r/The_Assassination_of_Jesse_James_by_the_Coward_Robert_Ford_(2007)_1080p5.1CH.mp4",
"fhdz":"2.79 GB",
"review1":"ဂျက်ဆီဂျိမ်းစ်ဆိုတဲ့ ရာဇဝင်လူဆိုးကြီးကို သေချာမသိကြရင်တောင် အရှောင်အတိမ်း ဂျက်ဆီဂျိမ်းစ်ဆိုတဲ့ စကားလေးတော့ ကြားဖူးကြမယ်ထင်ပါတယ်။
ဒီလိုနာမည်တွင်ရလောက်အောင်လည်းညဂျက်ဆီဂျိမ်းစ်ကို ဖမ်းမယ့်အစား ငါးရှဉ့်ကို လက်ချောဆီသုတ်ပြီး ဖမ်းရတာကမှ လွယ်ပါဦးမယ်။
ဒီလိုနဲ့ ဂျက်ဆီဂျိမ်းစ်းဟာ ဆုကြေးအမြင့်ဆုံး ရာဇဝင်လူဆိုးဖြစ်လာတာပါပဲ။

နာမည်တူ စာအုပ်ကိုပဲရိုက်ထားတဲ့ဒီရုပ်ရှင်ဟာ သူ့ကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့လူနဲ့ သူနဲ့ကြားက ဇာတ်လမ်းတစ်ပုဒ်ပါ။
ဒီရုပ်ရှင်ရဲ့ နာမည်မှာတင် ဘာအကြောင်းဆိုတာ ဂဃနဏကြီးသိအောင် ပြပြီးသားပါ။
Brad Pittရဲ့ Plan B Entertainmentကာထုတ်လုပ်ထားပြီး မထီတထီဇာတ်ရုပ်တွေမှာာသိပ်လိုက်တဲ့ Brad Pitt ကပဲညဂျက်ဆီဂျိမ်းအဖြစ် သရုပ်ဆောင်ထားပါတယ်။


အိမ်အနားစွန်းမှာ ရွေ့မျောနေတဲ့
မှောင်ရီပျိုးစကောင်းကင်အောက်က တိမ်‌‌တွေ။
ပိန်းပိတ်အောင်မှောင်နေတဲ့ ရထားလမ်းဆီ
ဟိုးအဝေးကခုတ်မောင်းလာတဲ့
ကျောက်မီးသွေးသုံး မီးရထားတစ်စင်း။
ဓားပြတိုက်ဖို့ ရထားသံလမ်းပေါ်ထွက်ရပ်နေတဲ့
ကျောက်မီးသွေး‌ငွေ့တွေကြားက ဂျက်ဆီဂျိမ်းစ်
သူ့ကို ထိုးထားတဲ့ ရထားရှေ့မီး။
ရောဘတ်ဖို့ဒ်ရဲ့ သေနတ်ပြောင်းကို ကျောခိုင်းထားတဲ့
ဂျက်ဆီဂျိမ်းစ်ရဲ့ ‌ပန်းချီကားရှေ့က နောက်ဆုံးထွက်သက်။
ဒီရုပ်ရှင်ရဲ့ Cinematographyတွေအားလုံးက ဒီ၂နာရီခွဲကြာတဲ့ ရုပ်ရှင်ကို တစ်ကွက်မှ ငြီးမသွားစေလောက်အောင် လှပပါတယ်။


အသက်ဆယ့်ခြောက်နှစ်မှာ ရာဇဝတ်သားစဖြစ်ခဲ့တဲ့ ဂျက်ဆီဂျိမ်းစ်ဟာ လူ၁၇ယောက်ကို သတ်ခဲ့ဖူးပြီး သူ့အတွက် လူသတ်ရတာဟာ ပဲကြီးလှော်ဝါးရသလိုလွယ်ပါတယ်။
သူ့ရဲ့ ထီမထင်စိတ်နဲ့ ရက်စက်မှုကြောင့် သူ့အစ်ကိုကိုယ်တိုင်ကတောင် သူ့ကိုကြည့်မရပါဘူး။
သူ့ခန္ဓာကိုယ်မှာ သေနတ်ဒဏ်ရာနှစ်ခုရှိပြီး သူရဲ့ လက်ခလယ်လက်ဆစ်ကပြတ်နေပါပြီ။
ခဲမှန်ဖူးတဲ့စာသူငယ်ကလေး ဂျက်ဆီဂျိမ်းဟာ အတော်သတိကြီးပါတယ်။
ဂျက်ဆီဂျိမ်းစ်အနောက်ကို ဘယ်သူမှတိတ်တိတ်လေး ရောက်လာလို့မရတဲ့အထိ အကင်းပါးသလို
သူ့ခါးက သေနတ်အိမ်ကို လုံးဝမချွတ်တဲ့လူ။
ရေချိုးလို့သေနတ်အိမ်ခဏချွတ်ရရင်တောင် သေနတ်ကို ဘေးမှာထားတဲ့လူမျိုးပါ။


အဲ့ဒီခေတ်က အမေရိကန်အစိုးအရရဲ့ ရာဇဝတ်သားတွေကို ရှင်းတဲ့နည်းကတော့ ဆုငွေထုတ်ပြီး ရာဇဝတ်သားအချင်းချင်း သတ်အောင်လုပ်တဲ့နည်းပါပဲ။
ဘယ်သူမှ သတ်မရဘဲ ဓားပြမှုများစွာ ကျူးလွန်ခဲ့တဲ့ ဂျက်ဆီဂျိမ်းစ်အတွက် ဆုငွေကလည်း ကြီးပါတယ်။
ဆိုတော့ကာ
ဂျက်ဆီရဲ့ သတိကလည်းကြီးပါတယ်။
သူ့ကို သစ္စာဖောက်ဖို့ တွေးမိရုံနဲ့တင် အဲ့ဒီလူ သေပါပြီ။


ဒီလိုသတိကြီးတဲ့ ဂျက်ဆီဂျိမ်းကိုဖမ်းဖို့ အစိုးအရဟာ ဂျိမ်းစ်အဖွဲ့ကလူတွေကို ပြစ်ဒဏ်ကင်းလွတ်ခွင့်နဲ့ ဆုတော်ငွေ မက်လုံးပေးပြီး ခိုင်းလိုက်ပါတယ်။
ဂျက်ဆီဂျိမ်းစ်ကို သတ်ခဲ့တဲ့လူကတော့
သူရဲဘောကြောင်တဲ့ ရောဘတ် ဖို့ဒ်ပါ။
ရောဘတ်ဖို့ဒ်ဟာ ဂျက်ဆီဂျိမ်းစ်ကို လုပ်ကြံဖို့ အကြိမ်၈၀၀ကျော် ကြိုးစားခဲ့ရပါတယ်။


",
"review2":"ဒီအချိန်မှာ ဂျက်ဆီဂျိမ်းစ်ဟာ သက်လတ်ပိုင်း ရောက်နေပြီး ကလေးနှစ်ယောက်ရှိနေပါပြီ။

တစ်နေကုန်လှုပ်ကုလားတစ်လုံးမှာ ထိုင်ရင်း ဆေးလိပ်တစ်လိပ်ကို ပြာချရင်း သူ့အတိတ်က အမှားတွေကို နောင်‌တရနေပါပြီ။

နောက်ဆုံးပြဿနာကိုဖြေရှင်းဖို့ကြံတုန်းမှာ သူ့သမီးလေးရဲ့ အသံကလေးကြောင့်သေနတ်အိမ်ကိုချွတ်ပြီး သူဖို့ဒ်ညီနောင်ကိုကျောခိုင်းရင်း ပန်းချီကားကို ဖုန်သုတ်ဖို့လုပ်ပါတယ်။

ကားချပ်အပေါ်အုပ်ထားတဲ့ မှန်သားမှာ သူ့ခေါင်းကို သေနတ်နဲ့ချိန်ထားတဲ့ ရောဘတ်ဖို့ဒ်ကို မြင်လိုက်ရပါတယ်။

ဒါ သူ့ရဲ့ နောက်ဆုံးမြင်ကွင်းပါပဲ။

ဂျက်ဆီဂျိမ်းစ်ဟာ လူဆိုးဓားပြသက်သက်ပါပဲ။

တစ်ခါတလေ ဆင်းရဲသားတွေကို ပေးကမ်းတတ်တဲ့

သူရဲ့ စာနာစိတ်ကလေးကြောင့်

သူ့ရဲ့ စွန့်စားခန်းတွေကြောင့်

သူရဲ့ နာမည်ကျော်ကြားမှုကြောင့်

သူ့ကို လူထုက လေးစားကြပါတယ်။

ဂျက်ဆီဂျိမ်းစ်ရဲ့ အလောင်းဓာတ်ပုံကိုတင် လူပေါင်းများစွာ အလုအယက်ဝယ်ကြပြီး

သူ့အလောင်းကို ရေခဲရိုက်ပြီး တလေးတစားထားခဲ့ကြပါတယ်။

ရောဘတ်ဖို့ဒ်ရဲ့ သူရဲဘောကြောင်တဲ့ လုပ်ကြံမှုကပဲ ဂျက်ဆီဂျိမ်းစ်ရဲ့ ဘုန်းရွှေရောင်ကို ပိုတောက်ပစေခဲ့တယ်ပဲ ထင်ပါရဲ့။

Credit CM

.

.

.

.

."
}]}

Comments

Popular posts from this blog

Bmovies

Bmovies

Bmovies