Bmovies
{"bmovies":[
{"title":"Dark Encounter (2019)",
"img":"https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTdBP_u4sO1fNMcvrGhy-Z__fIoGKTZ6BAJtbgUmL4JdOB1PXSQadtoWcuYKeVR_PqFODBaBatixNSKpfFCJ3l-dMbxI1yGsIbgJ5YLJrMUnXY4vQCRpZfWQliFuaV4qWnHvXjJbSPMLPg/s1600/MV5BYjk4MzM4MWMtNTExNS00Zjc0LTk2ZGEtZjUwMjc4YjM1MTQyXkEyXkFqcGdeQXVyNTk4NzY2OTQ%2540._V1_SY1000_CR0%252C0%252C678%252C1000_AL_.jpg",
"IMDB":"4.9",
"type":"Mystery , Sci-Fi , Thriller",
"duration":"1 hr 37 min",
"reso":"WEB-DL 720p",
"sd":"https://megaup.net/2Ry69/(CM)_Dark_Encounter_2019_WEB-DL_480p.mp4",
"sdz":"261 MB",
"hd":"https://megaup.net/3xuci/(CM)_Dark_Encounter_2019_WEB-DL_720p.mp4",
"hdz":"991 MB",
"fhd":"",
"fhdz":"unavailable",
"review1":"11980ဝန်းကျင် ပန်ဆယ်ဗေးနီးယားပြည်နယ်တွင်းက နယ်ဘက်အိမ်လေးတအိမ်။
မှန်ဘောင်သွင်းထားတဲ့မိသားစုဓာတ်ပုံလေး တပုံက
အောက်ကိုကျပြီး မှန်လေးကကွဲနေတယ်။
ပုံထဲမှာ မြင်ရတာကတော့ အဖေအမေရယ် ကောင်လေးတယောက်
ကောင်မလေးတယောက် လေးယောက်ရှိတဲ့ မိသားစုလေး။
လက်ဆေးကန်မှာလည်း ရေပိုက်ခေါင်း ပိတ်မထားလို့ ရေတွေ ဒလဟောကျနေတယ်။
အိမ်တံခါးကလည်း ဟ ဟလေး ပွင့်နေတယ်။
ကားတစီးအိမ်ရှေ့ရောက်လာပြီး
အဖေနဲ့အမေ နှစ်ယောက်အိမ်ထဲကို စကားပြောရင်း ဝင်လာကြတယ်။
အိမ်တံခါးပွင့်နေတော့ သူတို့သမီးဆီလာလည်မယ့်သူ ရှိလို့လားလို့ ထင်လိုက်ကြသေးတယ်။
ဒါပေမယ့် ရေပိုက်ခေါင်းကလည်း ပွင့်နေပြီး
သူတို့ သမီးကို ခေါ်တော့လည်း ပြန်ထူးသံမကြားခဲ့ရဘူး။
အဲလိုနဲ့ပဲ သူတို့ရဲ့သမီးလေးဟာ ပျောက်ဆုံးသွားခဲ့ရတော့တယ်။
တနှစ်ကြာခဲ့ပြီ။ သူတို့သမီးလေးရဲ့ သတင်းအစအနတောင် မရခဲ့ဘူး။
တနှစ်တိတိပြည့်တဲ့နေ့မှာပဲ တနှစ်ပြည့် အောက်မေ့ဖွယ်ပွဲလေး ကျင်းပခဲ့ကြတယ်။
အဲဒီညမှာပဲ သမီးလေးအဖေက မီးရှူးမီးပန်းတွေဆော့နေတယ်ထင်တဲ့
ကောင်လေးတချို့ကို သတိပေးဆုံးမဖို့ ထွက်မယ်လုပ်တော့သူ့သားရော
ဘေးလူတွေကရော စိတ်မချလို့ လိုက်သွားကြရင်း
တောထဲမှာ ထူးဆန်းတဲ့မီးအလင်းရောင်တွေကို တွေ့လာကြရတဲ့အခါမှာတော့…..
",
"review2":"အဲဒီအလင်းရောင်တွေက ဘာတွေလဲ
သူတို့သမီးလေး ပျောက်သွားတာနဲ့ရော ဆက်စပ်နေမလား
ဘာလို့များ တနှစ်ပြည့်တဲ့နေ့မှာမှ ပေါ်ထွက်လာရတာလဲ
တချို့ Indie ကားလေးတွေက ဇာတ်လမ်း ဇာတ်ညွှန်းလေးတွေမှာ နည်းနည်းပြောစရာရှိပေမယ့်
ကြည့်လို့တော့ တော်တော်ကောင်းတဲ့ထဲမှာပါတယ်။
အခု ဒီကားလေးကလည်း ကြည့်ရတာ
အဆင်ပြေတဲ့အပြင် သိချင်စိတ်ပေါ်လာအောင်
ဆွဲဆောင်နိုင်တဲ့နေရာမှာလည်း မဆိုးဘူး။
ဇာတ်လမ်းရဲ့တချို့နေရာလေးတွေမှာ သေသေချာချာပြနိုင်ရင်
ဒီထက်ပိုကောင်းလာနိုင်တယ်။
ဘာပဲပြောပြော ကြည့်ရတာ တန်စေမယ့် Sci-fi ကားလေးပါ။
Credit CM
.
.
.
.
."
}]}
Comments
Post a Comment