Bmovies
{"bmovies":[
{"title":"Hero (2019)",
"img":"https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg73Ufkfm4mwP38YX1JvmBOzlNAVEkMNFse6tLQr5N-wBOJC0Tp-FWn6u9JX_6txjI_ZzS3wVgttS-mI5IpB39zBYi6ZbY7fFmq7C9aj7kHPszlL5xcquR9a1RcoTZLeSCYjAy-R0elrzPW/s1600/5353SqWG4xlTVs1YLk1OzmGMdOg.jpg",
"IMDB":"6.7",
"type":"Action, Drama, Thriller",
"duration":"2 hr 44 min",
"reso":"WEB-DL 720p",
"sd":"https://drive.google.com/file/d/1w285403wHIXjMPBW3_w_x5jVwdJVUMSw/view?usp=drivesdk",
"sdz":"649 MB",
"hd":"https://drive.google.com/file/d/1wj_XwvOjuf56Ei1x8i7OfdZGuJMPRDnQ/view?usp=drivesdk",
"hdz":"1.31 GB",
"fhd":"",
"fhdz":"unavailable",
"review1":"Bmovies version 1.12 ထွက်နေပြီနော်
update တင်ထားကြပါ။ app ထဲကနေ တင်တဲ့စနစ်က လောလော ဆယ် error တက်နေလို့ပါ။
Play Store က ဒေါင်းရန်။
http://bit.ly/pdninebmovies
အခြားလင့်ကဒေါင်းရန်
http://bit.ly/dninebmovies
အညွှန်း....
မကြာသေးခင်က မြန်မာပြည်မှာ ရုံတင်သွားခဲ့တဲ့ တမီးလ်(Tamil)ကား အကြည်ထွက်လာလို့ တင်ဆက်ပေးလိုက်ပါတယ်။
မင်းသားကတော့ ချန်နယ်မြန်မာရဲ့ အိန္ဒိယရုပ်ရှင်ချစ်သူတွေ စိမ်းနေနိုင်ပေမဲ့ မင်းသမီးကတော့… Hello 2017 ဇာတ်လမ်းထဲက မင်းသမီးလေးပါ။
ဇာတ်လမ်းအကြောင်း အနည်းငယ် ချပြချင်ပါတယ်။
ကလေးတစ်ယောက်ကို “မင်းကြီးလာရင် ဘာလုပ်မလဲ”လို့ မေးကြည့်တဲ့အခါ တစ်ချို့က ဆရာဝန် ၊ တစ်ချို့က ရဲသား ၊ တစ်ချို့က ၊ စစ်သား စသဖြင့် သူရဲကောင်းဆန်ဆန် ဖြေကြလိမ့်မယ်။
တကယ်တမ်းအဲ့ဒီကလေးတွေ ကျောင်းပြီးသွားတဲ့အခါ ဘာလုပ်မလဲလို့ မေးကြည့်ရင် “အိမ်ကောင်းကောင်း တစ်လုံး လိုချင်တယ်” ၊ “ကားကောင်းကောင်း စီးချင်တယ်” ဆိုတဲ့ အဖြေတွေ ပေးကြလိမ့်မယ်။
ငယ်ဘဝတုန်းက သူရဲကောင်းဆန်ဆန် ပြောခဲ့ကြတဲ့ ကလေးတွေဟာ အရွယ်ရောက်လာတော့မှ ဘာကြောင့် ရည်ရွယ်ချက်တွေ ပြောင်းလဲသွားရတာလဲ….?
ဒါဟာ ဒီဇာတ်ကားအဖွင့်မှာ ပါတဲ့ ဒိုင်ယာလော့ဂ်တွေထဲက တစ်ချို့ကို ကောက်နှုတ်ပြလိုက်တာပါ။
အိန္ဒိယနိုင်ငံဟာ ပညာရေးနဲ့ပက်သက်ပြီး ထောက်ပြတဲ့ ဇာတ်ကားတွေကို ဖန်တီးရာမှာ မတူညီတဲ့ ရှုထောင့် ၊ မတူညီတဲ့ အမြင်တွေနဲ့ ပရိတ်သတ်ကို အသိအမြင်တွေ ပေးစွမ်းနိုင်တယ်ဆိုတာ ငြင်းလို့မရပါဘူး။
ပိုစတာနဲ့ ထွေလာအရဆိုရင် ဒီကားကို စူပါဟီးရိုး(လူစွမ်းကောင်း)ဇာတ်ကားလို့ ထင်ချင်စရာပါပဲ။
တကယ်တမ်းတော့ ဒီကားက လက်တွေ့ဘဝတွေထဲမှာ လူစွမ်းကောင်း (သူရဲကောင်း)ဖြစ်အောင် ဘယ်လိုနေထိုင် ရှင်သန်သွားရမလဲဆိုတာကို ပြပေးတဲ့ကားပါ။
ဒါတင်လားဆိုတော့ မဟုတ်ပါဘူး။
",
"review2":"ပညာရေးနယ်ပယ်ထဲမှာရှိတဲ့ အနိဌာရုံ ဖြစ်ရပ်ဆိုးတွေ ၊ ပညာရေးကို အသုံးချပြီး စီးပွားရှာနေသူတွေ ၊ တော်လွန်းတဲ့သူတွေ
ပါရမီရှိသူတွေကို တက်နင်းပြီး ဖိနှိပ်အမြတ်ထုတ်တာတွေ အများကြီးကို ရိုက်ပြထားတာပါ။
ပညာရေးနယ်ပယ်ကို ကြည့်လိုက်ရင် ကိုယ်ထူကိုယ်ထကျောင်းတွေ များလာသလို ကိုယ်ပိုင် ကျောင်းတွေလည်း များလာတယ်။
ကိုယ်ပိုင်ကျောင်းတွေဟာ ကျောင်းသားလူငယ်တွေကို အမဲဖျက်စားသောက်ပြီး စီးပွားရေးဖက်ကို ဦးတည်လာတယ်။
ဒီလို ပညာရေးအမည်ခံ ကိုယ်ပိုင်ကျောင်း စီးပွားရေးသမားတွေလက်ထဲ အနာဂတ်ကလေးတွေရဲ့ ကိုယ်ပိုင်ကြံဆမှုတွေ ပျောက်ပျက်လာတယ်။
ဒါတွေဟာ အိန္ဒိယနိုင်ငံရဲ့ မျက်မှောက်ခေတ်မှာ ဖြစ်ပျက်နေတဲ့ လုပ်ရပ်ဆိုးတွေဆိုရင် မမှားဘူး။
ဒါကို မီးမောင်းထိုးပြဖို့ လိုအပ်လာတဲ့အခါ……
——————————————
ဒီကားကြည့်ပြီးတဲ့အခါ အိန္ဒိယကားပရိတ်သတ်တွေအတွက် အတွေးတစ်စ ရစေမယ်ဆိုရင်ပဲ ဘာသာပြန်ရကျိုး နပ်ပါပြီ။
ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။
Credit CM
.
.
."
}]}
Comments
Post a Comment