Bmovies

{"bmovies":[
{"title":"It (2017)",
"img":"https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtrbRxqLsspki30NUULVmZCsDFFlLvlH5q9EOQrtPq6giKNWcQyDP18tK9P6RQWTIAbnm8kXnurgDB4Q21vwZEXGuvTlUAGhRRi-BVp8TaFikL2anY8z1drETHdjD6ucAgf9gHlPLTebQK/s1600/MV5BZDVkZmI0YzAtNzdjYi00ZjhhLWE1ODEtMWMzMWMzNDA0NmQ4XkEyXkFqcGdeQXVyNzYzODM3Mzg%2540._V1_SX178_AL_.jpg",
"IMDB":"7.3",
"type":"Horror",
"duration":"135 min",
"reso":"Blu-ray 1080p",
"sd":"https://www.googleapis.com/drive/v3/files/1_MvgP8isvlMcjkI4Th2LZu0UOZZmpGC-?alt=media&key=AIzaSyB5ICP9pTxfcExQqv411biOEpdnUYJ_3Cw",
"sdz":"634 MB",
"hd":"https://www.googleapis.com/drive/v3/files/1pN0LATVNPOtjq9asUzcqZHPSEa1U6zjs?alt=media&key=AIzaSyB5ICP9pTxfcExQqv411biOEpdnUYJ_3Cw",
"hdz":"1.6 GB",
"fhd":"https://www.googleapis.com/drive/v3/files/19bkC1fkzbu5kVeA3CZNaI5sFPXOlBSs5?alt=media&key=AIzaSyB5ICP9pTxfcExQqv411biOEpdnUYJ_3Cw",
"fhdz":"6 GB",
"review1":"မိုးတွေတဖွဲဖွဲရွာနေတဲ့မနက်ခင်းတစ်ခုမှာ ၅နှစ်ခန့်အရွယ် ဂျော်ဂျီလေးဟာ သူ့အစ်ကိုမပါဘဲအပြင်သွားရဖို့ဖြစ်လာခဲ့တယ်…သူ့အစ်ကို ဘီလ်ကလည်းချောင်းတွေဆိုးပြီးဖျားနေခဲ့တာကိုး…အစ်ကိုမပါလို့မသွားချင်သွားချင်ဖြစ်နေတဲ့ဂျော်ဂျီလေးကို ဘီလ်က လမ်းမှာဆော့သွားဖို့စက္ကူလှေလေးလုပ်ပေးပြီး နှစ်သိမ့်လိုက်တယ်…ဂျော်ဂျီလေး အိမ်ကထွက်လာပါပြီ…မိုးကာ အင်္ကျီအဝါရောင်လေးနဲ့ပေါ့…
ဂျော်ဂျီလေးသာ ပြန်မလာနိုင်တော့မယ်မှန်းကြိုသိခဲ့ရင် ဘီလ့်အနေနဲ့ဘယ်လောက်ဖျားဖျားလိုက်သွားမိမှာပဲ…ဒါပေမယ့် အနာဂတ်ကိုကြိုမသိနိုင်တော့လည်း ဘီလ့်ခမျာ ချောင်းလေးတစ်ဟွတ်ဟွတ်ဆိုးရင်း မိုးရေထဲထွက်ခွာသွားတဲ့ ဂျော်ဂျီလေးကိုလှမ်းမျှော်ကြည့်ရင်းကျန်ခဲ့ပါတယ်…လမ်းတစ်လျှောက် မိုးရေစီးကြောင်းထဲမှာ လှေလေးကို ဆော့ရင်းထွက်သွားတဲ့ဂျော်ဂျီလေးဟာ အဲ့ဒီနေ့ကအိမ် ပြန်မလာခဲ့ပါဘူး…နောက်နေ့တွေလည်း ပြန်မလာခဲ့ဘူးလို့ပြောရင် ပိုမှန်မှာပေါ့…ဘီလ်တစ်ယောက်ဟာ အချိန်တွေကြာလာပေမယ့် ဒီကိစ္စကိုသူ့အပြစ်လို ခံစားပြီး သူ့ညီလေး ပျောက်သွားနိုင်မယ့်နေရာကိုမှန်းဆပြီးမိဘတွေမသိအောင် ကြိတ်ရှာနေခဲ့တယ်…နွေကျောင်းပိတ်ရက် မစတင်ခင်တစ်နေ့မှာတော့ စိုးရိမ်တကြီးမျက်နှာနဲ့ ကြေငြာစာရွက်တွေလိုက်ကပ်နေတဲ့ အန်တီကြီးတစ်ယောက်ကိုတွေ့လိုက်ရတယ်…အလို… အခန်းထဲကကောင်မလေး ပျောက်သွားတယ်ဆိုပါလားနောက်နေ့တွေမှာလည်း လူပျောက်ကြေငြာစာရွက်တွေ တစ်ရွက်ပြီးတစ်ရွက်ပလူပြန်လာပြီ…ဒယ်ရီမြို့လေးမှာ ကလေးပျောက်တာတွေ များလာပါလား…ဘီလ်သံသယဝင်လာပါပြီ…သူ့သူငယ်ချင်းတွေအဖွဲ့(ကျောင်း မှာအမြဲအနိုင်ကျင့်ခံရတဲ့ Loserအဖွဲ့)နဲ့ စုံစမ်းလိုက်တဲ့အခါ ၂၇ နှစ်ကြာတိုင်း တစ်ဖန်ပေါ်လာတတ်တဲ့ကလေးစားလူရွှင်တော် Pennywiseအကြောင်းကို သိလာခဲ့တယ် လွန်ခဲ့တဲ့၂၇နှစ်ကလည်း တစ်မြို့လုံးပြုတ်အောင် စားခဲ့တဲ့သက်သေတွေလည်း တွေ့လာခဲ့တယ်…ဘီလ်နဲ့သူ့သူငယ်ချင်းတွေကိုယ်တိုင်က",
"review2":"လည်း ခြောက်လန့်မှုတွေ အမျိုးမျိုးနဲ့ကြုံလာရတဲ့အခါ…သူတို့ကိုယ်တိုင်အတွက်နဲ့ ကျန်တဲ့ကလေးတွေ အန္တရာယ်ကိုကာကွယ်ဖို့ Pennywiseကြီးရှိရာ…အိမ်ပျက်ကြီးအောက်ခြေက ရေတွင်းပျက်ကြီးဆီချီတက်လာကြတဲ့အခါမှာတော့……”ငါအိမ်ပြန်ရောက်တိုင်း ဂျော်ဂျီရှိမနေဘူး…သူ့ရယ်သံလေးတွေလည်းမကြားရတော့ဘူး…သူကစားနေကျ ပေါကြောင်ကြောင် ဒိုင်နိုဆောကောင်တွေကပဲ ငါ့ကိုမော့ကြည့်နေကြတယ်..ကိုယ့်အိမ်ကိုယ်ပြန်ရတဲ့ခံစားချက်ဟာသိပ်ခြောက်ခြားစရာကောင်းတယ်…ဒါကြောင့် ဒီ pennywiseနေတဲ့အိမ်ပျက်ကြီးထဲဝင်ဖို့က ငါ့အိမ်ငါပြန်ဖို့ထက်တောင် ပိုလွယ်နေသေးတယ်”…ဒီစကားလေးကြောင့်ပဲ Itထဲမှာ ဘီလ်တစ်ယောက်ဘယ်လောက်သတ္တိရှိရှိနဲ့ Pennywiseကိုရင်ဆိုင်ခဲ့လဲဆိုတဲ့အချက်ကိုပေါ်လွင်စေခဲ့တယ်…ကဲ ပရိသတ်ကြီးရေ It ဘယ်လောက်နာမည်ကြီးတယ် Stephen Kingရေးတဲ့နာမည်ကြီးဝတ္ထုကိုရိုက်ထားတာ…ဝင်ငွေဘယ်လိုစံချိန်ချိုးခဲ့တာ ဘာညာကတော့ သိပြီးသားပါနော်…IMDb Rating ကတော့ 7.8/10 ပါ…

Credit Review

Credit MSub

.

.

.
"
}]}

Comments

Popular posts from this blog

Bmovies

Bmovies

Bmovies