Bmovies
{"bmovies":[
{"title":"Goodachari (2018)",
"img":"https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhw6X_n_flQmmpfRdD10MMYiWz7s1MZrEFlQ-xkBqknqt71d2vsuRUGS3At1i_FAn7f0By1iDf7_rO-tHGWenN09GNsKK8P4VBk3eJWG1Y4cCN8qJ3DtPbels-VN_yvRKtYMoBIfdrkSxw_/s1600/uG04EjdV1zrj91ROxP75jwRxxv0.jpg",
"IMDB":"9.2",
"type":"Action, Thriller",
"duration":"2hr 27min",
"reso":"AMZN WEB-DL 720p",
"sd":"https://megaup.net/meyZ/[CM]_Goodachari_(2018)_360p_AMZN_WEB-DL_(500_MB).mp4",
"sdz":"497 MB",
"hd":"https://megaup.net/mevL/[CM]_Goodachari_(2018)_720p_AMZN_WEB-DL_(1.1_GB).mp4",
"hdz":"1.11 GB",
"fhd":"",
"fhdz":"unavailable",
"review1":"တောင်ပိုင်းကားတွေဟာအိန္ဒိယကား ပရိတ်သတ်တွေကြားမှာမျက်နှာအတော်ငယ်ရတဲ့ ကားတွေပါ။
အက်ရှင်အသားပေးတွေ များတယ်၊ဝန်ကြီးတွေ ရဲတွေ နဲ့တင် တိုင်ပတ်နေတယ်၊အက်ရှင်ကို အလွန်ကြီးတွေ လုပ်တယ်၊ဇာတ်လမ်းတွေ ထပ်တယ်စတဲ့ စတဲ့ အကြောင်းပြချက်တွေကြောင့်တောကြိုက်ရယ်လို့တောင် တစ်ချို့က ပြောကြမှာပါ။
ဒီဇာတ်ကားလေးကတော့မင်းသား Adivi Sesh ရဲ့တစ်ခြားတောင်ပိုင်းကားတွေနဲ့ မတူပဲ ထူးထူးခြားခြား ရိုက်ထားတဲ့ စပိုင် ကားလေးပါ။
သူ ့ရဲ့ သရုပ်ဆောင်ပုံနဲ့သူရိုက်တဲ့ ဇာတ်လမ်းတွေဟာ ထူးခြားသလို သူကိုယ်တိုင်က ဒါရိုက်တာ,မင်းသား,စာရေးဆရာ ဖြစ်ပါတယ်။
သူ ့ကားတွေကို သိပ်မတွေ့ရပေမယ့်ဒီနှစ်ပိုင်း ထွက်တဲ့ Tiger Sheroff ရဲ့.Baaghi 2 ဟာဒီမင်းသားရဲ့ Kshanam 2016 ဇာတ်ကားကိုပြန်ရိုက်ထားတဲ့ Remake ကားဖြစ်နေပါတယ်။
ဇာတ်လမ်းအကျဉ်းကို မပြောခင်ထူးခြားချက်ကလေးတွေကိုထုတ်နှုတ်ပြရမယ်ဆိုရင်ဒီကားရဲ့ ဝတၳုအကြမ်းကို မင်းသားဖြစ်သူ Adivi Sesh ကိုယ်တိုင် အမေရိကားမှာ အထက်တန်းတက်နေတဲ့ 2004 ခုနှစ်တုန်းကတည်းကရေးထားခဲ့တာပါတဲ့။
တကယ့်တကယ် ပိတ်ကားပေါ်မှာဒီဇာတ်လမ်းကို ပြသဖို့ ရိုက်ကူးမယ်ဆိုတော့ ဇာတ်ညွှန်းစီစဉ်တည်းဖြတ်ရတာတင် အချိန် ကိုးလ ယူခဲ့ရပါတယ်။
နောက်ပြီးနိုင်ငံသုံးနိုင်ငံရဲ့ Location 167 ခုမှာသွားရိုက်ခဲ့တဲ့ ဒီကားဟာ Top Rated Telugu Movies List မှာ နံပါတ် 40 မှာ ရှိတဲ့
Telugu စကားပြော ဇာတ်ကားတစ်ကား ဖြစ်ပါတယ်တဲ့။
ကဲ ဇာတ်လမ်းအကြောင်းကိုဆက်ပြောရအောင်. . . .
ဇာတ်လမ်းရဲ ့အစမှာ နောက်ကြောင်းပြန်တာနဲ ့ စ,ထားပါတယ်။
၁၉၉၅ ခုနှစ်မှာ အိန္ဒိယအစိုးရဟာ လျှို ့၀ှက်အဖွဲ ့တစ်ခုဖြစ်တဲ့ ထရီနက်ထရီအဖွဲ ့ကို ဖွဲ ့စည်းခဲ့ပါတယ်။
ဒီအဖွဲ ့ဟာ စုံစမ်းထောက်လှမ်းမှုတွေအပြင် ထိပ်တန်းသတင်းတွေကိုပါထိန်းသိမ်းရတဲ့အဖွဲ ့ပါ…
ဒါပေမယ့် ကံဆိုးစွာနဲ ့ပဲအယ်မူဂျာဟီဒင်အကြမ်းဖက် အဖွဲ ့ဆီကိုအိန္ဒိယနိုင်ငံရဲ ့လျှို ့၀ှက်သတင်းတွေပေါက်ကြားသွားခဲ့ပါတယ်။
ပေါက်ကြားသွားတဲ့ သတင်းတွေကအစိုးရနဲ့ ပက်သက်တဲ့ ထိပ်တန်းသတင်းတွေတင် မကပဲ ထရီနက်ထရာအဖွဲ ့ကအေးဂျင့်အားလုံးရဲ့
အသေးစိတ်အချက်အလက်တွေ၊သူတို့မိသားစုနဲ့ ဆိုင်တဲ့ သတင်းတွေ၊အဖွဲ့အစည်းတည်နေရာ စတာတွေပါ ပါပါတယ်။
ဒါတင်လားဆိုတော့သတင်းပေါက်ကြားမှုကြီးနောက်ကို လိုက်လံစုံစမ်းရင်း အေးဂျင့်တစ်ချို ့ပာအသတ်ခံလိုက်ရပါသေးတယ်။
ဘယ်လိုမှ ရပ်တည်လို့မရတဲ့ အဆုံးကျန်ရှိနေတဲ့ အစိုးရ အရာရှိတွေ၊အေးဂျင့်တွေရဲ့ လုံခြုံရေးအတွက်အစိုးရက ထရီနက်ထရာအဖွဲ ့ကိုဖျက်သိမ်းပစ်လိုက်ပါတယ်။
အာဂျွန်း??
အာဂျွန်းဆိုတာ သေဆုံးသွားတဲ့ ထရီနက်ထရီအေးဂျင့် ရာဂူးဗီးရ်ရဲ ့သားဖြစ်ပြီး ဖခင်ရဲ ့သူငယ်ချင်းဖြစ်တဲ့ ဆတ္တယာရဲ ့ပြုစုပျိုးထောင်မှုနဲ ့အတူ အရွယ်ရောက်လာသူပါ . . .
မျက်မှောက်ခေတ်မှာပြန်ပေါ်လာတဲ့ အယ်မူဂျာဟီဒင်အဖွဲ့ရဲ့အကြမ်းဖက်မှုတွေကြောင့် မွန်ဘိုင်းမြို့မှာ ဗုံးပေါက်ကွဲမှုတွေ ဆက်တိုက် ဖြစ်လာပြန်တော့အစိုးရဟာ ထရီနက်ထရာ အဖွဲ့ကိုပြန်လည်ဖွဲ့စည်းခဲ့ရပြန်ပါတယ်။
",
"review2":"အသစ်ပြန်လည်ဖွဲ ့စည်းတဲ့ ထရီနက်ထရီအဖွဲ ့မှာ ၀င်ခွင့် ၀င်ဖြေပြီး အဖွဲ ့၀င်ဖြစ်ဖို ့ပြင်းပြင်းထန်ထန် လေ့ကျင့်မှုတွေအပြီး အာဂျွန်းလည်း အတော်ဆုံး အေးဂျင့်တစ်ယောက်ဖြစ်လာခဲ့ပါတယ်။
ဒါပေမယ့် ထရီနက်ထရီအဖွဲ ့ရဲ ့အစည်းအေ၀းအပြီးမှာ ထရီနက်ထရာခေါင်းဆောင်တွေဟာ လူတစ်စုရဲ ့ရုတ်တရတ်တိုက်ခိုက်ခြင်းကို ခံလိုက်ရပါတယ်။
အဖွဲ ့ခေါင်းဆောင် သေသွားတဲ့အပြင်အာရ်ဂျွန်းရဲ ့ဆရာဖြစ်တဲ့ ဒါမိုဒါပါ သေဆုံးသွားပြီး သက်သေအထောက်အထားတွေအရအခင်းဖြစ်ရာနေရာမှာ အာဂျွန်းရဲ ့ဆိုင်ကယ် အာဂျွန်းရဲ ့လက်ဗွေရာတွေတွေ ့ရတော့အာဂျွန်းတစ်ယောက် ဘုမသိဘမသိ ၀ရမ်းပြေးဖြစ်ခဲ့ရပါတယ်. . .
သဘာ၀ကျကျနဲ ့မှုခင်းစုံထောက်ကားတွေစပိုင်ကားတွေအကြမ်းဖက်သမား နှိမ်နင်းရေးကားတွေကို ကြိုက်တယ်ဆိုရင်ဖြင့်ဟောလိ၀ုဒ်ဆန်ဆန်နဲ ့ ဖိုက်တင်တွေ အပစ်အခတ်တွေပာတဲ့ ဒီကားလေးက လက်လွတ်မခံသင့်တဲ့ကားလေးပါလို့ ပြောရင်း. .
(ဇာတ်လမ်းအညွှန်းကိုတော့ ကိုမြင့်သူမှရေးပေးထားတာဖြစ်ပြီး ဘာသာပြန်သူကတော့ MLMC Team မှ ကိုမြင့်သူနဲ့ ညီညီကိုးပါ)
#Credit Channel Myanmar
.
.
.
.
."
}]}
Comments
Post a Comment