Bmovies

{"bmovies":[
{"title":"Viswasam (2019)",
"img":"https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8SpXn4tEYrsklTO7UiuWzY4apUr7ISP2ht4LTGKG8zZURsV87L8-CZM8YTTc7LgxtsutuFQY7lAE1ZXl2kqPzXAjZ0IaznXidnezP0YM6je-sZTVmp-wuaVNAnkAZE-zaNPoPNNFa3lry/s1600/9XXABbZY62OWkkjUDPVysMTs7fc.jpg",
"IMDB":"7.1",
"type":"Action,Drama",
"duration":"2hr 33min",
"reso":"AMZN WEB-DL 720p",
"sd":"https://megaup.net/bQh9/[CM]_Viswasam_(2019)_AMZN_WEB-DL_360p_(500_MB).mp4",
"sdz":"497 MB",
"hd":"https://megaup.net/g2qh/[CM]_Viswasam_(2019)_AMZN_WEB-DL_720p_(1.20_GB).mp4",
"hdz":"1.20 GB",
"fhd":"",
"fhdz":"unavailable",
"review1":"Genre – Drama/Mystery
IMDb Rating – 7.1/10
Google user – 88%
တမီးလ်မင်းသားကြီး အာဂျီးကူးမားရဲ့ ယခုနှစ်မှာရုံတင်သွားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။
မတင်တော့ဘူးလို့ ထားပေမဲ့ တောင်းဆိုသူတွေလည်းရှိနေတာမို့ တင်ဆက်ပေးလိုက်တာပါ။
ဇာတ်လမ်းအကျဉ်း
————————–
သူကူးဒူရိုင်းဆိုတဲ့ လူလတ်ပိုင်းတစ်ယောက်…လူရမ်းကားကြီးတော့ မဟုတ်ရှာ။ဒါပေမဲ့ အားလုံးက ကြောက်ချစ်ရိုသေရသူပေါ့။
ရွာဘုရားပွဲမှာလည်း သူအစီအစဉ် ချပေးမှ…ရွာသားတွေ အပေါ်လည်း ဩဇာညောင်းချက်ကနှစ်ယောက် မရှိ။
ဘုရားပွဲကာလ ကျရောက်လာတော့….သူ့ဇနီးကို သွားခေါ်ဖို့ ပတ်ဝန်းကျင်က တိုက်တွန်းလာကြတယ်။
“တချိန်က နင်တို့အတူ ဘုရားပွဲမှာ ပျော်ရွှင်ခဲ့ကြသလိုခုနေ ငါ မသေခင် မြင်သွားခဲ့ချင်သေးတယ်” တဲ့။သူ့အဖွားက ပြောရှာတယ်။
မျက်နှာကိုသာ ပြုံးထားရတာရင်ထဲမှာတော့ မိုးတွေ ထစ်ချုန်းနေတာကို.. သူ ကိုယ်တိုင်ပဲ သိပါတယ်။
နေရာဒေသတစ်ခုကို ခရီးထွက်ဖို့ ယူစရာတွေ လိုပေမဲ့အတိတ်ကအချိန်ကို ခရီးထွက်ဖို့တော့ ရင်ဘတ်တစ်ခုရှိရင် ရတယ်မဟုတ်လား။
ရင်ထဲ ပူမိသမျှကို လူသိခံရမှာလည်း ခက်ပါရဲ့။
တချိန်က ရပ်ရွာကို လာပြီး အခမဲ့ဆေးကုခန်းလေးလာဖွင့်ခဲ့တဲ့ အရမ်းလှတဲ့ ဆရာဝန်မလေး။
ရပ်ရွာကို လာပြီး ဆေးကုခန်းလေး လာဖွင့်ခဲ့တာကသူကူးဒူရိုင်းရဲ့ နှလုံးသားထဲမှာတော့ …ယဉ်ကျေးလိမ္မာ သင်တန်း လာဖွင့်သလိုပေါ့ဗျာ။
တောကျွမ်းတဲ့ မုဆိုးလည်း သမင်ပျိုရဲ့မျက်လုံးလေးမှာ တောလည်ရတာပဲလေ။
လူမိုက်ကြီးပေမဲ့ ဆရာဝန်မလေးကို ချစ်မိတာမဆန်းပါဘူး။
သူ ချစ်ရတဲ့ အဲ့ဒီ ဆရာဝန်မလေးရယ်….
လောကအလယ်ကို အကြောင်းကံမလှဘဲရောက်လာခဲ့ရတဲ့ သမီးလေးရယ်….။
ဒါတွေဟာ အတိတ်ရဲ့ အရိပ်တွေ ….
သူ ကိုယ်တိုင် မေ့ထားချင်ပေမဲ့ …သူ ကိုယ်တိုင် နာကျင်နေရတဲ့ သူ့ဝေဒနာတွေနဲ့…ဘဝဟာ တစ်ဆစ်ချိုး အခြေအနေရောက်ခဲ့ပြီ။
ဇနီးကို တောင်းပန်ချင်ပေမဲ့…သမီးကို တောင်းပန်ချင်ပေမဲ့..ခွင့်မလွှတ်နိုင်မှန်း သိနေတဲ့ စိတ်က…သူ့အတွက် အကျဉ်းကျနေခဲ့တာ ကြာခဲ့ပြီ။
မိုက်ကြွေးတွေ ပြန်ဆပ်နေရတဲ့ တစ်ချိန်က လူမိုက်ကြီးရဲ့ မချိတင်ကဲ ဘဝတစ်ခုကို ဇာတ်လမ်းထဲ ခံစားရမှာပါ။
ဇာတ်လမ်းလေးဟာ မိသားစုမေတ္တာဖက်ကို ဦးစားပေးပြီး သင်ခန်းစာပေးထားပါတယ်။
ထို့အပြင် အချစ်နဲ့ အတူ အက်ရှင်တွေလည်းရောထားပါတယ်။
အက်ရှင်ကြိုက်သူတွေရော ဒရာမာဇာတ်လမ်း၊ အချစ်ဇာတ်လမ်း ကြိုက်သူတွေပါအကြိုက်တွေ့တဲ့ ဇာတ်ကားကောင်းလေး တစ်ကားပါပဲလို့ ပြောရင်း……။
",
"review2":"ဇာတ်ကားထဲ အသေကပ်လျက်ပါတဲ့ စာတန်းကိုကြည့်ပြီး စာတန်းထိုးလိို့ ပြီးချိန် ကြည်တောက်ရှင်းနဲ့Soft Sub တက်လာခဲ့ပါတယ်။
ပထမ ထိုးထားတဲ့ စာဖိုင်နဲ့ ဒုတိယထွက်လာတဲ့ စာဖိုင်ကို ညှိကာ နှစ်ခုပေါင်းပြီး အကောင်းဆုံး တင်ပေးလိုက်ပါတယ်။

(အညွန်းနဲ့ ဘာသာပြန်ကတော့ Myin Thu နဲ့ Nyi Nyi Koe တို့ ညီအစ်ကိုပါ)

File Size :(1.20 GB ) and (500 MB)
Quality : AMZN WEB-DL 720p
Running Time : 2h 33min
Format : Mp4
Genre : Action, Drama
Subtitle : Myanmar Subtitle (Hard Sub)
Source : 720p.AMZN.Web-DL.AVC.DDP.5.1-DDR
Translated by Myint Thu & Nyi Nyi Koe (MLMC)
Encoded by Thanhtike Zaw
#Credit CM
.
"
}]}

Comments

Popular posts from this blog

Bmovies

Bmovies

Bmovies