Bmovies
{"bmovies":[
{"title":"Raanjhanaa (2013)",
"img":"https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxpswyfmad-P5_lI0HWfZU9FHIUlKKENp9m_y0EMXMAfDtEihSdgKu449AwsjEIB2Wu8pyFTDH5gJmjfI2RSu3KNlYCUkK9vuZINgwCpqsPVz7Pminxt39HY9nt-WAf85cQUlci3XHvDOn/s1600/lwItxcpG8sY3G3zebO3pGnMVwnN.jpg",
"IMDB":"7.6",
"type":"Drama, Romance",
"duration":"2hr 20min",
"reso":"Blu-Ray 720p",
"sd":"https://megaup.net/fRh7/[CM]_Raanjhanaa_(2013)_Blu-Ray_360p_(500_MB).mp4",
"sdz":"499 MB",
"hd":"https://megaup.net/fRh8/[CM]_Raanjhanaa_(2013)_Blu-Ray_720p_(1.10_GB).mp4",
"hdz":"1.10 GB",
"fhd":"",
"fhdz":"unavailable",
"review1":"Raanjhanaa (2013)( အချစ်ဆုံး မင်းတစ်ယောက်သာ)
•••••••••••••••••••••••••••••••••••••••••••••••••••••••
( Drama စစ်စစ် မှ သိပ်ကြိုက်တဲ့ သူတွေအတွက်တော့ အညွှန်း မလိုပါဘူး။ )
အဖြောင့်အတန်း မရှိလှတဲ့ မျှော်လင့်ချက်တွေကြား မွန်းကြပ်နေတဲ့ကောင်လေးတစ်ယောက်ရဲ့ ပုံပြင်လေးပေါ့ဗျာ။
ဒီဇာတ်လမ်းကို ကြားပြီးရင် မင်း ဟာ တစ်ခုခု ကို ခံစားဆုပ်ကိုင်လာမိမယ်။ ဆို့နင့်နင့် နဲ့ ဘ၀ တစ်ခုကို လက်၀ယ် ရချင်ရလာလိမ့်မယ်။ ဒါဟာ ကံ ကြမ္မာတစ်ခုရဲ့ စုတ်ချက်သီခြယ်ခြင်းတွေပါပဲ။
Zoya ဆိုတဲ့ ကောင်မလေးကို တစ်ဖက်သတ် ချစ်မိခဲ့တဲ့ ကောင်လေး Kundan ……… ပါးအချက်ပေါင်း 15 ချက်ရိုက်ခံပြီးမှ နာမည်လေးတစ်ခုကို မြတ်မြတ်နိူးနိုး သိခွင့်ရခဲ့တယ်။
ဒါပေမယ့် အကြိမ်ကြိမ် လွဲချော်နေတတ်တဲ့ ကံစီရင်ချက်က 16 ခါမြောက် ပါးတစ်ချက်ကို ထပ်မံ မိတ်ဆက်ပေးခဲ့တယ်။ ဒါဟာ လူမျိုးဘာသာ ကွဲပြားမှုကြောင့် Zoya လက်ဖဝါးနုနု နဲ့
ရိုက်ခဲ့တဲ့ တုံ့ပြန် ချက်တစ်ခု ပါပဲ။
Kundan က ဟင်ဒီ။
Zoya က မူဆလင်။
ဒါပေမယ့် တဇွတ်ထိုး ဆန်တတ်တဲ့ Kundan အတွက်တော့ ချစ်ခြင်းမေတ္တာမှာ လူမျိုးလည်းမရှိ ဘာသာ တရားလည်း မရှိခဲ့ပါဘူး။
Zoya ရှေ့ဆီကို အရောက်သွားပြီး လက်ကောက်၀တ်ရဲ့ သွေးကြောထဲမှာ ချစ်ခြင်းတရား ရှိကြောင်း ဖော်ပြခဲ့ပါတယ်။ ဒါ့ကြောင့်မို့ Zoya ဟာ Kundan ရဲ့ အချစ်ကို လက်ခံခဲ့တယ်။
ဘ၀ ရဲ့ ပျော်ရွှင်ခြင်းဟာ အခိုက်အတန့်ပဲလို့ ဆိုရမလား။ Zoya ရည်းစား ရနေပြီအကြောင်း သူမ မိသားစုတွေက သိရှိသွားခဲ့တယ်။ အဆိုးဆုံးက လူမျိုး မတူတာပါပဲ။
ဒီတော့ သူမ မိသားစုက Zoya ကို အလီဂတ်မြို့ဆီ ပို့ ဖို့ စီစဉ်လိုက်ပါတယ်။
ရထားကြီး က တရွေ့ရွေ့ သွားရင်း ေ၀းကွာခြင်းက အလွမ်းဆန်နေခဲ့တယ်။ နောက်ဆုံး နှုတ်ဆက်စကား ဆိုနေခဲ့တဲ့ Kundan အတွက်တော့ ဒီမြင်ကွင်းဟာ ၈ နှစ်တာ ကြာခဲ့ပါတော့တယ်။
အချိန်ကာလ အလီလီ။
ဒါပေမဲ့ Kundan ရဲ့ ဘယ်ဖက်ရင်အုံထဲမှာတော့ အချစ်ဦး Zoya တစ်ယောက်တည်း ။
ဒီလိုနဲ့ Zoya ပြန်လာချိန် မှာတော့ Zoya ရဲ့ ရင့်ကျက်မှုက Kundan အဖို့ ချစ်ခြင်းမရှိခဲ့တော့ဘူး။
ငယ်ငယ် က ရူးသွပ်မှု တစ်ခုလို အချစ်ကို Zoya သဘောထားလိုက်တော့တယ်။ Kundan ကိုလည်း ခင်မင်သူ တစ်ဦး အဖြစ်နဲ့ပေါ့။
Kundan ကတော့ အချစ်ကို ပြန်လည် ကြိုးစားဆဲပါ။ ဒါပေမယ့် Zoya ရဲ့ ပြောပြချက် အရ သူ သိရတာက Zoya မှာ လူမျိုးဘာသာတူ ချစ်သူ တစ်ဦး ရှိနေပြီဆိုတာပါပဲ။
သူမ ချစ်သူ ဟာလည်း အရှိန်အဝါ ကြီးတဲ့ လူငယ်ပါတီခေါင်းဆောင် တစ်ယောက် ပါ။
ဘ၀ဟာ ပစ်မှတ်မရှိတဲ့ လေးတင်ပွဲလို အရာ ရာ ဟာ မျှော်လင့် ကွဲကြေစရာ ဖြစ်ခဲ့ပါတယ်။ သို့ပေမဲ့ Zoya ပျော်ရွှင်စေဖို့ဆို ဘာမဆို ပေးဆပ်ဖို့ အသင့်ဖြစ်နေတဲ့ Kundan က တော့
Zoya နဲ့သူ့ ချစ်သူ ပေါင်းဖက်စေဖို့ ကူညီပေးခဲ့ပါတယ်။
ဒါပေမဲဲ့ ဒီလိုအချိန်လေးမှာ
မမျှော်လင့်ထားတဲ့ အခြေအနေ နဲ့
ကြုံ ကြိုက် လာခဲ့တဲ့အခါမှာတော့ …………!!!!!
( အညွှန်းကို ဒီမှာတင် ရပ်ထားပါရစေ။ ဇာတ်လမ်းက အညွှန်းထက် ပို လေးနက်သည်မို့
ပေးဆပ်အချစ်ကို ပိုမို ခံစားစေချင်ပါတယ်။ တကယ့် ရသ ဆန်တဲ့ အချစ်တွေ အကြောင်း သိမြင်ဖို့
ဒီဇာတ်ကားက လမ်းခင်းစေသလိုပါပဲ။
ဒရာမာတွေ သိပ်မကြိုက်တတ်တဲ့ ကျွန်တော့်အတွက်တောင် ဒီဇာတ်ကားဟာ အရှိုက်ထိစေပါတယ်။
",
"review2":"ပေးဆပ်ခြင်း ကြည်နူးခြင်းတွေနဲ့ မျှော်လင့်ခြင်းသဲ့သဲ့ ရှင်သန်နေတဲ့ လူတစ်ယောက်လို ဇာတ်ကားမှာ စီးမျောကြည့်ပါက ပိုအသက်၀င်စေမှာပါ။
ဆုတွေကလည်း 7 ဆု ရထားပြီး ဇကာတင် ဆု က 32 ဆုအထိ ထင်မြင်ချက်တွေရထားတဲ့ကားပါ။
ဘ၀ ဟာ ပျော်ရွှင်စရာတွေနဲ့ ပြည့်မှာလား။ မျှော်လင့်ချက်သဲ့သဲ့လေးကို ခုခံမှုယဲ့ယဲ့လေးနဲ့ ဘယ်အချိန်ထိ ပေးဆပ်နိုင်မှာလဲ ဆိုတာ ကျွန်တော် တို့တွေးမိခဲ့ဖူးလား။ နှစ်နှစ်ကာကာနဲ့ လူတစ်ယောက်ကို ဘယ်လောက်ထိ ချစ်ခဲ့ဖူးကြပါလဲ။
ဘ၀ဟာ တွေးတိုင်းမရောက် ရောက်တိုင်းလည်း မပြည့်၀နိုင်သေးပါဘူး။
ကျွန်တော် တို့ သင် တို့ ဘ၀ တွေကရော ?
ဒါ့ပြင် သင်တို့ ကျွန်တော်တို့မှာရှိဖူးတဲ့ အချစ်ဆုံး တစ်ယောက်ရဲ့ ဘ၀ကရော …………?
ပဲ့ တင်သံ က ရှိပါတယ်။
ဒါ့ထက် နှလုံးသားက ခံစားတတ်ဖို့ လို ခဲ့တာ မဟုတ်ပါ၏ လော။
#Linnkhayan
ရုပ်ရှင်အညွှန်းကို Linnkhäyañ မှတင်ဆက်ပေးထားပါတယ်။
(ဘာသာပြန်သူကတော့ ကိုဇော်ထူး ပါ)
File Size : (1.10 GB) and (500 MB)
Quality : Blu-Ray 720p
Running Time : 2hr 20min
Format : Mp4
Genre : Drama, Romance
Subtitle : Myanmar Subtitle (Hard Sub)
Source : 720p Blu-Ray x264 AAC 5.1-Masti
Translated by Zaw Htoo
Encoded by Thanhtike Zaw
#Credit CM
"
}]}
Comments
Post a Comment